ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေးက ဖျာပုံအကျဉ်းထောင်နှင့် ဖျာပုံမြို့မရဲစခန်း၊ ဘိုကလေးမြို့မရဲစခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း

1
2
3

မေလ ၃၁ ရက်၊ (တနင်္လာနေ့)

     ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေးသည် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေစိမ့်စမ်း၊ ဖျာပုံခရိုင်တရားသူကြီး ဒေါ်သူဇာအေး၊ ဖျာပုံမြို့နယ်တရားသူကြီး  ဒေါ်မွန်ရည်အေး၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဝင်း တို့လိုက်ပါလျှက် မေလ (၃၁) ရက်နေ့၊ နံနက် ၈နာရီ တွင် ဖျာပုံအကျဉ်းထောင်နှင့် ဖျာပုံမြို့မရဲစခန်း တို့အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

     ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေးအား ဖျာပုံအကျဉ်းထောင်တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ကျခံနေရသူများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်မှု၊ သောက်သုံးရေ ရရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

     ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသားများ နေထိုင်သည့် အဆောင်များသို့ လှည့်လည်ကြည့်ရှုကာ အကျဉ်းသား၊အချုပ်သားများ ဥပဒေနှင့်အညီ ရပိုင်ခွင့် အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ အစာအာဟာရ သင့်တင့်မျှတမှု ရှိ/မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ အကျဉ်းသားများ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့် ရှိ/မရှိ၊ ညှင်းပန်းနှိပ်စက်ခံရမှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စားဖိုဆောင်၊ ဆေးပေးခန်းတို့ကိုပါ ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို မှာကြားခဲ့ပါသည်။

4

        

4

 

 

5

     အလားတူ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၊ တရားလွှတ်တော်တရားသူကြီး နှင့်အဖွဲ့သည် ဘိုကလေးမြို့မရဲစခန်းသို့ နံနက် ၁၁ နာရီအချိန်တွင် သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား မှာကြားခဲ့ပါသည်။